Judul: Berbagi Info Seputar ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင် Full Update Terbaru
link: ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင်
Artikel Terbaru ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင် Update Terlengkap 2017
တစ်ကိုယ်လုံး အဝလွန် သူများထက် ဗိုက်တွင် အဆီစု နေသူ များ သွေးတိုးရောဂါ ဖြစ်နိုင်သည့် အန္တရာယ် ပိုများ
ကြောင်း လေ့လာမှု အသစ် တစ်ရပ်က ဖော်ပြသည်။
အဝ လွန်ခြင်းမှာ သွေးတိုးရောဂါ (သို့မဟုတ်) သွေးတိုးခြင်း ကို ဖြစ်စေနိုင်ကြောင်း သိရှိ ထားပြီး ဖြစ်ကာ လူတစ်
ယောက်၏ ကိုယ်ခန္ဓာတွင် အဆီစုဝေးရာနေရာကိုလိုက်၍ နှလုံးရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့ အခြားကျန်း
မာရေး ပြဿနာများကို ပိုမို များပြားစေနိုင်သည်။ သို့သော် သွေးတိုးရောဂါ၊ တစ်ကိုယ်လုံး နေရာစုံအဝလွန်ခြင်း
နှင့် တစ်နေရာတည်းအဆီများစုဝေးခြင်းတို့ကြား ဆက်စပ်မှုကို ရှင်းလင်းစွာမသိရပေ။
ယခု လေ့လာမှု အတွင်း လူပေါင်း ၉၀၃ ဦး ပါဝင်ပြီး ၎င်းတို့ သွေးတိုးရောဂါ ဖြစ်ပေါ်မှုကို ခြေရာခံရန် ပျမ်းမျှအချိန်
ခုနစ်နှစ်အထိလေ့လာထားခြင်းဖြစ်သည်။ အပေါ်သွေး ၁၄၀ (သို့မဟုတ်) ယင်းထက်မြင့်မားနေပြီး အောက်သွေး
၉၀ (သို့မဟုတ် )ယင်းထက်မြင့်မားနေခြင်းကို သွေးတိုးသည်ဟုခေါ်ပြီး သွေးတိုး ကျဆေးများ စတင်သောက်သုံး
ရမည့် အခြေအနေဖြစ်သည်။
လေ့လာမှုတွင် ပါဝင်သူများ၏ ဝမ်းဗိုက်ပိုင်းရှိ နက်ရှိုင်းသောနေရာတွင် ရှိသော အဆီ(သို့မဟုတ်) ခန္ဓာကိုယ် အ
စိတ်အပိုင်းများရှိ အဆီများ အရေပြားအောက်ရှိ အဆီများ (သို့မဟုတ်) ခန္ဓာကိုယ် အနှံ့ရှိနေသော မျက်စိဖြင့်မြင်
ရသည့် အဆီများနှင့် ကိုယ်အောက်ပိုင်းအဆီများကို ပုံရိပ်ဖော်၍ လေ့လာစစ်ဆေးခဲ့သည်။
လေ့လာပြီးဆုံးချိန်တွင် ပါဝင်သူအားလုံး၏ ၂၅ ရာခိုင်နှုန်းမှာ သွေးတိုးရောဂါဖြစ်လာသည် ခန္ဓာကိုယ်ညွှန်းကိန်း
(BMI)မြင့်မားသူများ သွေးတိုးရောဂါ ဖြစ်နိုင်ခြေပိုများသည်။ ဝမ်းဗိုက်ပိုင်း အဆီပါဝင်မှု၊ တစ်ကိုယ်လုံးနေရာစုံ
အဆီပါဝင်မှုနှင့် ခန္ဓာကိုယ်အောက်ပိုင်း အဆီ ပါဝင်မှုများကို ထည့်သွင်း တွက်ချက်ကြည့်ရာ ဝမ်းဗိုက်ပိုင်းအဆီ
စုဝေးမှုနှင့် သွေးတိုးရောဂါကြား လုံးဝဆက်စပ်မှုရှိကြောင်း တွေ့ရသည်။
လိင် ကွဲပြားမှု၊ အသက် အရွယ် (သို့မဟုတ်) လူမျိုး ကွဲပြားမှု များကို ထည့်သွင်း တွက် ချက်ပြီး ချိန်၌လည်း ဝမ်း
ဗိုက်ပိုင်းအဆီစုဝေးမှုနှင့် သွေးတိုးရောဂါကြား ဆက်စပ်မှုမှာ အပြောင်း အလဲမရှိပေ။ ဝမ်းဗိုက်ပိုင်း အဆီ စုဝေး
မှုနှင့် သွေး တိုးရောဂါ အခိုင်အမာ ဆက်နွှယ်မှုကို ကျောက်ကပ်တစ်ဝိုက်နှင့် ဝမ်းဗိုက်ပိုင်း အနောက် ဘက်တွင်
တည်ရှိသော ကိုယ် အင်္ဂါ အစိတ်အပိုင်း ဆိုင်ရာ အဆီ တစ်မျိုးဖြစ်သည့် ဝမ်းဗိုက် နံရံ အဆီများကို လေ့လာရာ
တွင် တွေ့ရှိခဲ့သည်။
ယခုလေ့လာမှုကို American College of Cardiology ဂျာနယ် တွင် ဖော်ပြထားသည်။ —Ref: TOI
၇ ရက် နေ့ စဉ် သ တင်း စာ မှ ကူး ယူ မျှ ဝေ သည် ။
Itulah sedikit Artikel ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင် terbaru dari kami
Semoga artikel ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင် yang saya posting kali ini, bisa memberi informasi untuk anda semua yang menyukai Android MOD Newbie. jangan lupa baca juga artikel-artikel lain dari kami.
Terima kasih Anda baru saja membaca Artikel Tentang ဘီယာဗိုက် ပိုင်ရှင်များ သွေးတိုးရောဂါ အန္တရာယ် ပိုများနိုင်