Judul: Berbagi Info Seputar အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ် Full Update Terbaru
link: အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ်
Artikel Terbaru အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ် Update Terlengkap 2017
ယခင်က ယောက်ျားက ငွေရှာပြီး မိန်းမက အိမ်ထောင် ထိန်းသိမ်းရသည့် ခေတ်တစ်ခေတ် ရှိခဲ့ပါသည်။
ယင်းကာလတွင် အင်တာ နက်မရှိခဲ့သည်ကတော့ အသေအ ချာပင်။ အမျိုးသမီးများအတွက် အလုပ်ရှားပါးပြီး ရှိသောအလုပ် များကလည်း အကူ၊ သန့်ရှင်းရေး၊ ကလေးထိန်း၊ ချက်ပြုတ်သူ၊ လူ နာစောင့်စသည့် အလုပ်များသာ ရှိခဲ့သည်။ ကျန်အလုပ်များက ကာယအင်အားကို အသုံးချရ သည့် အလုပ်ကြမ်းများ (သို့တည်း မဟုတ်) ယောက်ျား ဟိတ်ဟန်ပြ ပြီး လုပ်ရသည့် အလုပ်များဖြစ်ခဲ့ သည်။
ပညာသင်ယူရာတွင်လည်း အမျိုးသမီးများအတွက် အခွင့်အ လမ်း နည်းပါးခဲ့သည်။ ယင်း ခေတ်အခါက ရိုးရာထုံးစံလို ဖြစ် နေသည့် ဓလေ့များကို ယနေ့အ ချိန်အထိ လက်ခံကျင့်သုံးနေသည် များ ရှိနေသေး သည်ကို တွေ့ရ သည်။
တိုးတက်မှု နည်းပါးသော နေရာဒေသများတွင် အထူးသ ဖြင့် ယင်းကဲ့သို့ ရှေးရိုးဓလေ့ကို ဆက်လက် လက်ခံကျင့်သုံးနေကြ သည်ဟု လူမှုရေးပညာရှင်များက ထောက်ပြသည်။ တိုးတက်သော နိုင်ငံတွင် အပြောင်းအလဲများစွာ ရှိလာသည်။ ယင်းသို့ ပြောင်းလဲ လာသည့် ဖြစ်စဉ်သည်လည်း အင်တာနက်ခေတ် မတိုင်မီက အ တော်ကြာအောင် အချိန်ယူခဲ့ရ သော်လည်း အိုင်တီခေတ်တွင် တော့ မြန်ဆန်လာသည်။
အဓိက အကြောင်းအရာ တစ်ခုမှာ အိုင်တီကို ကျား၊ မ မရွေးသင်ယူလေ့လာနိုင်ပြီး အ သုံးပြုနိုင်သော ကြောင့် အခွင့်အရေးတန်းတူ ရရှိလာကြခြင်းပင် ဖြစ်သည်။
မှန်ပါသည်။ မည်သည့် ခေတ်နှင့်မျှ မတူဘဲ ကျား၊ မ မရွေး မည်သူမဆို လုပ်ကိုင်နိုင် သည့် အလုပ်မျိုးကို အိုင်တီက ဖန်တီးပေးသည်။ ယခင်က အ လေးအပင်များ မ,ရသည့် အလုပ် မျိုး၊ ကိုယ်ကာယအင်အား သုံး မှသာ အလုပ်တွင်သည့် အလုပ်ရုံ၊ စက်ရုံမျိုးတွင်သာ အလုပ်များ ရှိခဲ့ရာက ကွန်ပျူတာတစ်လုံး၊ ဖုန်းတစ်လုံးဖြင့်သာ လုပ်ကိုင်နိုင် သည့် အလုပ်များ၊ ကာယစိုက် ထုတ်ရန် မလိုသော စက်မောင်း နှင်သည့် အလုပ်များစသည်တို့က နေရာဝင်ယူလာကြသည်။
အဆင့်မြင့် ပညာသင်ယူရေးတွင် ကျား၊ မ အရေအတွက် တန်းတူဖြစ်လာသလို ယခင်က ယောက်ျား များသာ လုပ်ကိုင်ခဲ့သည့် ကုန်ကားကြီးများ မောင်း နှင်ခြင်း၊ အငှားကားမောင်းနှင် ခြင်း၊ ရထား မောင်းနှင်ခြင်း စ သည့် စက်ပိုင်းဆိုင်ရာ လုပ်ငန်းများတွင်လည်း ၀င်ရောက်လုပ် ကိုင်သော မိန်းမအ ရေအတွက် တိုးလာနေသည်။
သို့ရာတွင် ယင်းပြောင်းလဲမှု အများစုမှာ တိုးတက်သော နိုင်ငံ များတွင်ဖြစ်သည်။ တိုးတက်သည် ဆိုရာတွင်လည်း စက်မှုပိုင်း တိုးတက်သည်သာမက လူတို့၏ အသိအမြင်နှင့် လူမှုဝန်းကျင်၏ အတွေးအခေါ် အပါအ၀င် အ ထွေထွေတိုးတက်မှုကို ဆိုလို သည်။
ချမ်းသာကြွယ်ဝပြီး စက်မှု နိုင်ငံပင်ဖြစ်ငြားသော်လည်း အ ထွေထွေ တိုးတက်မှု နည်းပါးနေသည့် နိုင်ငံ မျိုးတွင် တန်းတူလုပ် ကိုင်နိုင်ခွင့် မရသေးပါ။ ရှေးရိုး စနစ်ကို ဆုပ်ကိုင်ထားဆဲ နိုင်ငံများတွင် အမျိုးသမီး များကိုတန်း တူအခွင့်အရေး မပေးခြင်းကြောင့် ယင်းနိုင်ငံ၏ အထွေထွေ တိုးတက်မှုမှာ ရပ်တန့်နေသည်။ သို့သော် ယင်းရှေးရိုးဓလေ့သည် ယခုအ ခါ အိုင်တီ၏ စိန်ခေါ်မှုကို ရင်ဆိုင် ရတော့မည်ဖြစ်သည်။
ယနေ့အချိန်တွင် ကွန်ပျူ တာ၊ ဖုန်း၊ ကားတို့ဖြင့်သာ လုပ် ကိုင်ရသည့် အလုပ်များ၊ ပညာကို အခြေခံရ သည့် အလုပ်အကိုင် များ ပေါများလာသဖြင့် ကျား၊ မ ခွဲခြားလုပ်ကိုင်ရသည့် အလုပ်လည်း နည်းပါး လာသည်။ စစ် သင်္ဘောများ၊ စက်ရုံကြီးများ၊ သုတေသနစခန်းများတွင်လည်း နည်းပညာကျွမ်းကျင်သူ ကိုသာ ခန့်ထားသဖြင့် အမျိုးသမီးများ နေရာရစပြုလာနေပြီဖြစ်သည်။
နေသားမကျသေးသဖြင့် ကျား၊ မ တန်းတူလုပ်ကိုင်သည့် လုပ်ငန်းခွင်ကို လက်မခံလိုသူ အမျိုးသမီးများ ရှိနေသေးသော် လည်း ခေတ်ပြောင်းလဲမှု ရေစီး ကို ရက်ရှည် မပိတ်ဆို့ထားနိုင် ပေ။ လာမည့် ၂၀၁၆ ခုနှစ်တွင် အ မျိုးသမီးလုပ်သားဦးရေသည် အ လုပ်အားလုံး၏ ၄၆ ဒသမ ၅ ရာ ခိုင်နှုန်းအထိ ရှိလာ မည်ဟု အမေ ရိကန်အလုပ်သမား ၀န်ကြီးဌာန က ခန့်မှန်းတွက်ချက်ထားသည်။ အမြန်ဆုံးနှင့် အများဆုံး တိုးများ လာသည့် အလုပ်အကိုင်စာရင်း တွင်လည်း ကွန်ပျူတာဆော့ဖ်ဝဲ ကျွမ်းကျင်သူများက ထိပ်ဆုံးမှ ပါ ၀င်နေပြီး ၀င်ငွေတွင်လည်း ယင်း အလုပ်က အများဆုံးဖြစ်မည်ဟု ဆိုသည်။ ယင်းကဏ္ဍတွင် ကျား၊ မ ခွဲခြားခြင်းမရှိသဖြင့် ကျွမ်းကျင် သူ အမျိုးသမီးများက တန်းတူ နေ ရာရလာမည်ဖြစ်ရာ လာမည့် နှစ် များတွင် ထိပ်ပိုင်းနှင့် အလယ်အ လတ်အဆင့်ရှိ အလုပ်အကိုင် များတွင် အမျိုးသမီးဦးရေ ပိုများ လာဖွယ်ရှိသည်။
ခေတ်အဆက်ဆက် ဖိနှိပ် ခံလာရသော အမျိုးသမီးထုအ တွက် အိုင်တီက တန်းတူအခွင့် အရေး ဖန်တီးပေးနေသည်ဟုသာ ဆိုချင်ပါသည်။
Itulah sedikit Artikel အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ် terbaru dari kami
Semoga artikel အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ် yang saya posting kali ini, bisa memberi informasi untuk anda semua yang menyukai Android MOD Newbie. jangan lupa baca juga artikel-artikel lain dari kami.
Terima kasih Anda baru saja membaca Artikel Tentang အိုင်တီက ဖန်တီးပေးမည့် ကျား-မ တန်းတူ ခေတ်တစ်ခေတ်