Judul: Berbagi Info Seputar online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့ Full Update Terbaru
link: online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့
Artikel Terbaru online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့ Update Terlengkap 2017
နိုင်ငံတကာမှာရာက်နေကြတဲ့ ကျနော်တို့မြန်မာတွေထဲမှာ အကြောင်းအမျိုးမျိုးကြောင့် ပညာရေးနဲ့
အလှမ်းဝေးခဲ့ ရတဲ့သူတွေ ရှိပါတယ်။ တချို့လည်း အသက်ကြီးမှ နိုင်ငံခြားကိုရောက်လာကြတာပါ။
ဒါ့အပြင်အခြေခံမပါလေတော့ တကူးတကန့်အချိန်ပေး ပြီး ကျောင်းကိုမတက်ချင်တော့တာမျိုးလည်း
ရှိကြသလို တချို့ကျတော့လည်း စားဝတ်နေရေးနဲ့ သား၊ သမီး အရေးတွေကို ဦးစားပေးလိုက်ရတဲ့အတွက်
ကျောင်းနဲ့ဝေးခဲ့ရတာမျိုး ရှိပါတယ်။ တချို့ကြတော့ ကျန်းမာရေးအခြေအနေကြောင့် ပညာ
ဆက်မသင်နိုင်ပဲ အခက်အခဲရှိကြသူတွေလည်း တွေ့ရပါတယ်။ ပညာရေးဆိုတာထက်
အင်္ဂလိပ်စာကိုတတ်ဖို့က လက်တွေ့ ပိုကျပါတယ်။ နေ့စဉ် မိမိပတ်ဝန်းကျင်မှာ ပြောဆိုဆက်ဆံရေး၊
လုပ်ငန်းခွင် ဆက်သွယ်ရေး စသဖြင့် အင်္ဂလိပ်စာ၊ အင်္ဂလိပ် စကားဟာ
မရှိမဖြစ်လိုအပ်ချက်တခုဖြစ်ပါတယ်။
ဒါကြောင့် ကျောင်းမှာသွားပြီး တက်စရာမလိုလောက်အောင် သင်ကြားရေးအတွက်
ဖြည့်ဆည်းပေးနိုင်တဲ့ဝက်ဘ်ဆိုက်ဒ် တခုကို ပြန်လည် ညွှန်းလိုက်ပါတယ်။ မိမိအိမ်မှာ
အင်တာနက်ဆက်သွယ်ရေးရှိရင် အားလပ်တဲ့အချိန်လေးမှာ အင်္ဂလိပ်စာ လေ့လာနိုင်ပါပြီ။
ဝက်ဘ်ဆိုက်ဒ် အမည်က World English Institute ဖြစ်ပါတယ်။ ပေးထားတဲ့
လင့်ခ် http://www.worldenglishinstitute.org/ ကနေသွားနိုင်ပါတယ်။ အဲဒီမှာ မိမိအီးမေးလ်နဲ့
မှတ်ပုံတင်ပြီး Enroll လုပ်နိုင်ပါတယ်။ မှတ်ပုံတင်ပြီးတာနဲ့ မပြီးသေးပါဘူး။ ကျောင်းသားအဖြစ်လက်ခံဖို့
Introduction အတန်းမှာ စာမေးပွဲ ဖြေရပါတယ်။ ၇၀% ရာခိုင်နှုန်းရမှ အောင်ပါတယ်။
မအောင်ခဲ့ရင်လည်း စိတ်မပူပါနဲ့။ အောင်တဲ့အထိ ဘယ်နှစ်ကြိမ်ပဲ ဖြစ်ဖြစ် ပြန်ဖြေနိုင်ပါတယ်။
အဲဒီအဆင့်ကိုအောင်ပြီဆိုရင်တော့ ကိုယ့်ကိုသင်မယ့်ဆရာနဲ့ စတင် ဆက်သွယ်မှုရပါပြီ။
သင်ခန်းစာတိုင်းကို ၇၀% ရာခိုင်နှုန်းရမှ အောင်နိုင်မှာဖြစ်ပြီး သင်ခန်းစာတွေဟာ ၃ နှစ်စာရှိနေပြီး
အောင်မြင်သွားရင်တော့ ၊ Certificate နဲ့ အင်္ဂလိပ်စာဒီပလိုမာ ပေးမှာ ဖြစ်ပါတယ်။
Itulah sedikit Artikel online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့ terbaru dari kami
Semoga artikel online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့ yang saya posting kali ini, bisa memberi informasi untuk anda semua yang menyukai Android MOD Newbie. jangan lupa baca juga artikel-artikel lain dari kami.
Terima kasih Anda baru saja membaca Artikel Tentang online ကနေတဆင့် အင်္ဂလိပ်စာ သင်ကြစို့